မူဒရစ်

မူဒရစ်ကတော့ သူ့မှာ ပါရမီနဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်တွေ ရှိထားပြီးသား ကစားသမားတစ်ယောက်ပါ။ အခုရာသီကြို ခြေစမ်းပွဲတွေကတော့ အဲဒီအရည်အသွေးတွေကို ဇာဘီ အလွန်ဆိုရဲ့ရှေ့မှာ သက်သေပြရမယ့် အရေးကြီးဆုံးအချိန်လို့ ပြောလို့ရတယ်။

ဇာဘီ အလွန်ဆိုက တစ်ချက်ထိဘောလုံးပေးတာတွေ၊ လျင်မြန်တဲ့တန်ပြန်တိုက်စစ်တွေ၊ အချိန်ကိုက်ထိုးဖောက်ပေးပို့မှုတွေကို အလွန်တန်ဖိုးထားတဲ့နည်းပြတစ်ယောက်ပါ။ မူဒရစ်ရဲ့ အားသာချက်တွေကို ကြည့်လိုက်ရင်လည်း မြန်နှုန်း၊ နေရာလွတ်ရှာဖွေနိုင်စွမ်းနဲ့ နောက်ခံတန်းကို ချက်ချင်းထိုးဖောက်နိုင်တဲ့ အရည်အသွေးတွေက ဒီကစားပုံနဲ့ အံဝင်ခွင်ကျ ဖြစ်နေတာကို တွေ့ရတယ်။ အခုလိုအချိန်မှာ သူလိုအပ်တာက စွမ်းရည်အသစ်တွေ ဖန်တီးဖို့မဟုတ်ဘဲ သူ့မှာရှိပြီးသား အရည်အသွေးတွေကို ယုံကြည်မှုအပြည့်နဲ့ ထုတ်ဖော်ပြသနိုင်ဖို့ပါပဲ ။

ပွဲမကစားရတာ အချိန်အတော်ကြာခဲ့ပေမယ့် မူဒရစ်က လေ့ကျင့်ခန်းတွေကိုတော့ မရပ်မနား ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။ အဲ့ဒီအကျိုးကျေးဇူးကြောင့်ပဲ ကြံ့ခိုင်မှုကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ကွင်းထဲပြန်ဝင်လာတဲ့အချိန်မှာ ပရိသတ်တွေမျှော်လင့်နေတဲ့ ခြေစွမ်းကို ပြန်လည်မြင်တွေ့ရဖို့ အခွင့်အရေးကောင်းရှိနေတယ်။

အခုလာမယ့် ရာသီကြိုပွဲတွေက မူဒရစ်အတွက် အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အခိုက်အတန့်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီအခွင့်အရေးကို အပြည့်အဝအသုံးချပြီး ဇာဘီ အလွန်ဆိုရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့မယ်ဆိုရင် ချဲလ်ဆီးမှာ သူ့ရဲ့အခန်းကဏ္ဍကို ပြန်လည်တည်ဆောက်နိုင်မှာပါ။ ပါရမီရှိတဲ့ကစားသမားတစ်ယောက်အတွက် အရေးအကြီးဆုံးက အခွင့်အရေးရလာတဲ့အချိန်မှာ အကောင်းဆုံးပုံစံနဲ့ ဖမ်းဆုပ်နိုင်ဖို့ပဲ ဖြစ်ပြီး၊ မူဒရစ်ကလည်း အဲဒီလိုလုပ်ပြနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Ref: https://www.facebook.com/profile.php?id=100087168873391