ရိုနယ်လ်ဒိုနဲ့ အယ်လ်နက်ဆာအသင်းတို့ဟာ အာရှထိပ်တန်းချန်ပီယံလိဂ်ပြိုင်ပွဲကို ဆော်ဒီလိဂ် ချန်ပီယံအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ ။ ဒါပေမယ့် အဖွင့်ပွဲမှာပဲ ယူအေအီးထိပ်တန်းကလပ် အယ်လ်အင်အသင်းကို ၄ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရပါတယ် ။ ရာဟီမီ ၂ ယောက်က ၃ ဂိုးသွင်းယူခဲ့တဲ့ ဒီပွဲမှာ အသင်း ၂ သင်းကြားက ကွာဟမှုကို သိသာစေခဲ့ပြီး အယ်လ်နက်ဆာတို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး ။ League Phase ဖြစ်တာကြောင့် အသင်း ၁၆ သင်းပါဝင်တဲ့ အမှတ်ပေးဇယားကြီးမှာ အဆင့် ၁၆ နေရာကို ရောက်ရှိသွားခဲ့ရပါတယ် ။ နောက်လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ပြန်ကောင်းအောင် ကစားဖို့ လိုအပ်လာပါပြီ..