ဘရာဇီးနည်းပြကြီး အန်ဆယ်လော့တီဟာ မနေ့ညတုန်းက လိုင်လီနဲ့ ပီအက်စ်ဂျီတို့ကစားတဲ့ လီဂူးဝမ်းပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပါတယ် ။ ပီအက်စ်ဂျီက သူကိုင်တွယ်ခဲ့တဲ့ အသင်းဟောင်းဖြစ်နေလို့ဆိုတာထက် လိုင်လီအသင်းကို ကိုင်တွယ်နေတဲ့ သားဖြစ်သူ ဒါဗစ်ဒီ အန်ဆယ်လော့တီကို လာအားပေးတာလို့ဆိုရမှာပါ ။ ဒါဗစ်ဒီ အန်ဆယ်လော့တီဟာ လီဂူးဝမ်းအဖွင့်ပွဲကို အနိုင်ကစားထားသလို မနေ့ညကပွဲမှာလည်း ပီအက်စ်ဂျီအသင်းကို ၂-၀ နဲ့ ဦးဆောင်ထားခဲ့တာပါ ။ ပီအက်စ်ဂျီက မိနစ် ၉၀ နောက်ပိုင်းမှ ချေပဂိုးတွေပြန်သွင်းယူသွားခဲ့တာကြောင့်သာ ၂ ဂိုးစီသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ် ။ ဘာပဲဖြစ်ဖြစ် အန်ဆယ်လော့တီကတော့ သားဖြစ်သူကို တနေ့မှာ သူ့လို အောင်မြင်တဲ့နည်းပြကြီးတယောက်ဖြစ်လာဖို့ မျှော်လင့်ထားမှာအမှန်ပါပဲ..