ကွန်မြူနတီဒိုင်းပွဲမှာ ဟာလန်းဟာ ၅၃ မိနစ် ကစားပေးခဲ့ပြီး ဘောလုံးထိချက် ၇ ကြိမ်တည်းသာ ရှိခဲ့

အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဟာလန်းဟာ ၅၃ မိနစ် ကစားပေးခဲ့ပြီး ဘောလုံးထိချက် ၇ ကြိမ်တည်းသာ ရှိခဲ့ကာ ဂိုးပေါက်တည့် ကန်သွင်းမှု တကြိမ်၊ ပြိုင်ဘက်ဧရိယာထဲ ဘောလုံးထိချက် ၂ ကြိမ်တည်းသာ ရှိခဲ့တဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ နော်ဝေသားကြီးဟာ အာဆင်နယ်ခံစစ်ရဲ့ ထိန်းချုပ်မှုအောက်၊ မန်စီးတီးရဲ့ အားနည်းလွန်းတဲ့ ကစားဟန်တွေကြောင့် ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ လူစားလဲတာပါ ခံလိုက်ရတာပါ။ ဒီလိုဖြစ်မှုနဲ့အတူ ဟာလန်းတယောက် ထုံးစံအတိုင်း ဗိုလ်လုပွဲတွေဆို ဂိုးမသွင်းနိုင်တဲ့ စံချိန်ကိုပါ ထပ်ရသွားခဲ့ပါတယ်။

မန်စီးတီးနဲ့အတူ စုစုပေါင်း ဗိုလ်လုပွဲ ၁၀ ပွဲအထိ ဟာလန်းက ကစားခဲ့ပြီး တဂိုးတောင်မှ မသွင်းနိုင်ခဲ့ဘူး။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပေမယ့် ဗိုလ်လုပွဲတွေဆို သူ ဂိုးမရတာက တကယ့်ကျိန်စာဆိုးကြီးအဖြစ် ရှိနေတုန်းပါ။ ကမ္ဘာ့ဖလားတုန်းက နော်ဝေနဲ့အတူ ဘရာဇီးလ်ကို အနိုင်ယူပြီး ဂါဘရီရယ်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် အခုတကြိမ် မန်စီးတီးနဲ့အတူ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ရာမှာ ဂါဘရီရယ်ကို ပြန်အရှုံးပေးခဲ့ရပါပြီ။

Ref: https://www.facebook.com/duwun.sports/posts/