အဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ စပါး

နွေရာသီမှာ ကစားသမားတွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပွဲစဉ် ၁ ရဲ့ စနေနေ့ညပွဲတွေအပြီးမှာတော့ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေပါပြီ ။ စပါးဖန်တွေအတွက်တော့ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ရလဒ် ဖြစ်စေခဲ့မှာပါ ။ ဘရန့်ဖိုဒ့်က တော့တင်ဟမ်ဘက်ကို ၂၄ ကြိမ်တောင် ကန်သွင်းခဲ့တာက စပါးကစားသမားတွေ ဘယ်လောက်ထိ ပုံစံကောင်းပျောက်ဆုံးနေခဲ့သလဲ ၊ ဘရန့်ဖိုဒ့်ကစားတာ ဘယ်လောက်အထိကောင်းခဲ့သလဲဆိုတာ သိမြင်နိုင်ပါတယ် ။ ဒါတောင် အီဂေါ တီယာဂိုရဲ့ ပင်နယ်တီ မဝင်ခဲ့လို့သာပါ ၊ မဟုတ်ရင် ၄-၀ ဆိုတဲ့ရလဒ်နဲ့ စပါးတို့ ရှုံးနိမ့်သွားရမှာ အမှန်ပါပဲ

Ref: https://www.facebook.com/profile.php?id=61584820349357