ဖာဘရီဂတ်စ်နဲ့ ကိုမိုအသင်းသားတွေဟာ ဂျာမန်ကလပ် လိုက်ပ်ဇ်အသင်းကို ဂိုးပြတ်အနိုင်ကစားခဲ့ပါတယ်

တချိန်တုန်းက အီတလီဘောလုံးလောကရဲ့ တတိယတန်းမှာကစားနေတဲ့ ကလပ်အသင်းလေးတသင်းဟာ မနေ့ညမှာတော့ ဉရောပရဲ့အမြင့်ဆုံးပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ပါပြီ ။ အသင်းကို နှစ်‌‌ပေါင်းများစွာ အားပေးလာတဲ့ အသင်းဖန်တွေရဲ့ရှေ့မှောက်မှာ ဆက် ဖာဘရီဂတ်စ်နဲ့ ကိုမိုအသင်းသားတွေဟာ ဂျာမန်ကလပ် လိုက်ပ်ဇ်အသင်းကို ဂိုးပြတ်အနိုင်ကစားခဲ့ပါတယ် ။ ဒါဟာ ကိုမိုအသင်းရဲ့ နောက်ထပ်ကြီးမားတဲ့ အောင်မြင်မှုတခုပါပဲ ။ ကိုမိုအသင်းရှေ့တန်းက ကစားသမား ၄ ယောက်စလုံး ပုံစံကောင်းပြပြီး ဒူဗီယာကက်စ် နဲ့ တောင်ပံကစားသမားတွေ ဂိုးသွင်းခဲ့ကြပါတယ် ။ နီကိုပက်ဇ်က ဂိုးမသွင်းပေမယ့် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး အကောင်းဆုံးကစားခဲ့တာပါ ။ ပြိုင်ပွဲအစုံ ၃ ပွဲဆက်အနိုင်ရရှိမှုနဲ့ ကိုမိုအသင်းရဲ့ ချန်ပီယံလိဂ်ညချမ်းကတော့ မမေ့နိုင်စရာ ဖြစ်ခဲ့ရပါပြီ ။

Ref: https://www.facebook.com/sportsdailymm/posts/