နယူးကာဆယ်အသင်း

ဆော်ဒီအစိုးရ ရန်ပုံငွေအဖွဲ့ (PIF) ရဲ့ လက်အောက်မှာ ကမ္ဘာ့အချမ်းသာဆုံးကလပ်တစ်ခု ဖြစ်လာမယ်လို့ ကတိကဝတ်တွေနဲ့ အစပျိုးခဲ့တဲ့ နယူးကာဆယ်အသင်းရဲ့ အိပ်မက်ကြီးဟာ အခုတော့ ရုတ်တရက်ဆိုသလို ယိမ်းယိုင်စပြုသွားခဲ့ပါပြီ။ လာမယ့်ရာသီအသစ် မစတင်ခင်မှာတင် အသင်းရဲ့ အသက်သွေးကြောနဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ ကစားသမားကောင်းတွေ တစ်ယောက်ပြီး တစ်ယောက် လက်လွှတ်ဆုံးရှုံးနေရပါပြီ။

• တောင်ပံမှာ မီးဟုန်းဟုန်းတောက်အောင် ကစားပေးနေတဲ့ အန်ထော်နီ ဂေါ်ဒွန် က ဘာစီလိုနာဆီကို ခုန်ကူးသွားခဲ့ပါပြီ။

• ကွင်းလယ်ရဲ့ အင်အားစုကြီးဖြစ်တဲ့ ဆန်ဒရို တိုနာလီ ကလည်း စပါးအသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့တယ်။

• အခုထပ်ပြီး အသင်းရဲ့ ကပ္ပတိန်နဲ့ နှလုံးသားဖြစ်တဲ့ ဘရူနို ဂွီမာရေ့စ်ပါ အာဆင်နယ်ဆီကို ပြောင်းရွှေ့ဖို့ သေချာသွားခဲ့ပါပြီ။

ဒီလို အဓိက စစ်သည်တော်တွေကို တန်းစီရောင်းချနေတဲ့ အပြောင်းအရွှေ့ ဒဏ်ရာတွေအပြင် အသင်းကို အချိန်တိုအတွင်း အောင်မြင်မှုလမ်းကြောင်းပေါ် ပို့ဆောင်ပေးခဲ့တဲ့ နည်းပြကြီး အက်ဒီဟောင်းပါ အသင်းကနေ လမ်းခွဲထွက်ခွာသွားတာမို့ လာမယ့်ရာသီကို နယူးကာဆယ်တို့ ဘယ်လိုရင်ဆိုင်မှာလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အခြေအနေပါပဲ။

နယူးကာဆယ်ပရိသတ်တွေအတွက်လည်း မျှော်လင့်ချက်မီး ပိတ်သွားသလိုပါပဲ။ တည်ဆောက်ဆဲ စီမံကိန်းကြီး တစ်ခုလုံး ရုတ်တရက် ပျက်သုဉ်းသွားတာကို ငေးကြည့်နေရတဲ့ နယူးကာဆယ်ပရိသတ်တွေဟာ လာမယ့်ရာသီမှာ အသင်းက ရုန်းကန်ရတော့မှာလား၊ အရင်လိုမျိုး အဆင့် ၁၀ အောက် အသင်း ပြန်ဖြစ်သွားမလားဆိုတာ ရင်မောပူပန်နေရတော့မှာပါ။

Ref: https://www.facebook.com/duwun.sports/posts/