၆ ပွဲဆက်နိုင်တာလား . . . လွယ်လွန်းတယ် ၊ ၆ ပွဲဆက်ကို ဂိုးမပေးဘဲ နိုင်ဖူးလား . . .
ဒီစကားနဲ့ ဘုန်းမောက်ဖန်တွေကြွယ်လို့ရပါပြီ ။
၆ ပွဲကစား ၊ ၆ ပွဲနိုင် ၊ ၁၆ ဂိုးသွင်း ၊ ပေးဂိုးလုံးဝမရှိဆိုတဲ့ မှတ်တမ်းက တကယ့်ကို ချီးကျူးစရာပါပဲ ။
ရာသီအစတုန်းက နိုင်ပွဲမရသေးလို့ ဝေဖန်ခံခဲ့ရတဲ့ နည်းပြသစ် မာကိုရိုစ့်ဟာ အခုချိန်မှာတော့ ဘုန်းမောက်ကို အောင်မြင်မှုတွေဆီ ယူဆောင်ပေးမယ့်နည်းပြအလား ထင်မှတ်နေရပါပြီ ။
ဘုန်းမောက် နဲ့ ဘရိုက်တန်ကတော့ ဒီရာသီရဲ့ အံ့ဖွယ်အသင်းတွေပါပဲ ။