ရီးရဲမက်ဒရစ်ကတော့ သူတို့ရဲ့ ပြောင်မြောက်တဲ့စိတ်ကူးတွေကြောင့် ကစားသမားကောင်း ၂ ယောက်ကို ယူရို သန်း ၉၀ နီးပါးနဲ့ ခေါ်ယူနိုင်

ရီးရဲမက်ဒရစ်ဟာ နောက်ခံလူ ဂျက်ကော့ဘ် ရာမွန်ကို ၂၀၂၅ တုန်းက ကိုမိုအသင်းထံ ယူရို ၂.၅ သန်းနဲ့ ရောင်းထုတ်ခဲ့ပါတယ် ။ အဆိုပါစာချုပ်မှာ ကစားသမားကို ပြန်လည်ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့တာပါ ။ နီကိုပက်ဇ်ကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူခွင့်ပြုချိန်တုန်းကလည်း ဒီလိုသဘောတူညီမှုမျိုးကို ထည့်သွင်းထားခဲ့ပါတယ် ။

အခုချိန်မှာတော့ သူတို့ ၂ ယောက်စလုံးဟာ ကိုမိုအသင်းနဲ့ တောက်ပနေကြပါပြီ ။ စပိန်ဂျာနယ်လစ် မက်တီယို မိုရတ်တိုရဲ့ ဖော်ပြချက်အရ ရီးရဲမက်ဒရစ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဂျက်ကော့ဘ် ရာမွန် နဲ့ နီကိုပက်ဇ်တို့ ၂ ယောက်စလုံးကို ဘာနေဗျူးဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ် ။ အခြားအသင်းတွေသာဆိုရင် ယူရို သန်း ၁၅၀ ခန့် ကုန်ကျနိုင်ပေမယ့် ရီးရဲမက်ဒရစ်ကတော့ သူတို့ရဲ့ ပြောင်မြောက်တဲ့စိတ်ကူးတွေကြောင့် ကစားသမားကောင်း ၂ ယောက်ကို ယူရို သန်း ၉၀ နီးပါးနဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်..

Ref: https://www.facebook.com/sportsdailymm/posts/