အပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးခဲ့တဲ့ပွဲ

ဒီလပ် ကတော့ ဒီလပ် ပါပဲ ။ ကောင်းလွန်းလို့တော့မဟုတ်ပါဘူး ၊ အရင်အတိုင်းပဲ မပြောင်းလဲနိုင်သေးတာကြောင့်ပါ ။ နီကိုလပ်စ် ဂျက်ဆင် ဖန်တီးပေးတဲ့ အကောင်းစားပေးပို့မှုကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကို သူ့ရဲ့ ပင်နယ်တီသွင်းဂိုး ၂ ဂိုးက ဖုံးကွယ်မပေးထားနိုင်ပါဘူး ။

ချဲလ်ဆီးဟာ ၂ ရက်ဆက်ကစားရတာကြောင့် ဒီနေ့ပွဲမှာ အရန်ကစားသမားအများစုကို ပွဲထုတ်ခဲ့ပါတယ် ။ နောက်တန်း ၃ ယောက်ကစားပုံကို ဆက်သုံးခဲ့ပေမယ့် မနေ့ကလောက် မကောင်းခဲ့ပါဘူး ။ မလေးရှားထိပ်သီးကလပ် ဂျိုဟိုးအသင်းနဲ့ ဂိုးတွေ အပြန်အလှန်သွင်းယူပြီး သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ် ။ ချဲလ်ဆီးရဲ့ သွင်းဂိုးတွေက ပင်နယ်တီ ၂ ဂိုး ၊ Own Goal တဂိုးဖြစ်ခဲ့တာကတော့ နည်းနည်းပြောချင်စရာပါ ။

လာမယ့်ပိတ်ရက်မှာတော့ ရာသီအကြိုခြေစမ်းပွဲတွေရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ရီးရဲဆိုဆီဒက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်

Ref: https://www.facebook.com/sportsdailymm