အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်ခဲ့တဲ့နေ့မှာ ဂါဘရီရယ်ဟာ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်
ဒါပေမယ့် ပရိသတ်တွေရဲ့ရင်ထဲ ထိသွားတာက သူ့ရဲ့ဂိုးတစ်ဂိုးတည်း မဟုတ်ပါဘူး
ဂိုးသွင်းပြီး မြက်ခင်းပေါ်မှာ ပျော်ရွှင်စွာ လှဲနေတဲ့ ဂါဘရီရယ်ကို မြင်ရတာက ချစ်စရာကောင်းတဲ့အခိုက်အတန့်ပါ
အဲဒီအချိန်မှာ အသင်းဖော်တွေကလည်း သူ့ဆီကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြပါတယ်
ဟာဗက်က မြက်ခင်းပေါ်မှာ လှဲနေတဲ့ ဂါဘရီရယ်ကို လာထူပေးခဲ့ပါတယ်
ပြီးတော့ အောင်ပွဲကို အတူတူခံစားဖို့ ခေါ်လိုက်သလို မြင်ရပါတယ်
ကာလာဖီအိုရီနဲ့ အီဇေးတို့လည်း ရောက်လာပြီး သူ့ကို ဂုဏ်ပြုခဲ့ကြပါတယ်
နောက်ဆုံးမှာ ဂွီမာရေ့စ်နဲ့ မာဒူအကီတို့ပါ ပူးပေါင်းလာခဲ့ပါတယ်
ရာယာကတော့ အဝေးကနေ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနေခဲ့ပါတယ်
ဒီလိုမြင်ကွင်းလေးတွေက ပွဲရလဒ်ထက်တောင် အာဆင်နယ် ပရိသတ်တွေရဲ့ရင်ထဲ စွဲကျန်နေပါတော့မယ်