အာဂျင်တီးနားမှာ ရက်အကန့်အသတ်မရှိ မက်ဆီ ဆက်နေမယ်

ဖခင်ရဲ့ နာရေးပြီးဆုံးသွားပေမယ့် လီယိုမက်ဆီဟာ အာဂျင်တီးနားမှာ ရက်အကန့်အသတ်မရှိ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လောက်အထိလဲဆိုတာကို သတ်မှတ်မထားဘဲ စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်တဲ့အချိန်မှသာ အင်တာမိုင်ယာမီနဲ့ သွားရောက်ပူးပေါင်းမှာပါ။

အခုလိုအချိန်မှာ မိသားစုနားမှာပဲ ဆက်နေဖို့ မက်ဆီက ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အားလုံး နာကျင်ခံစားနေရမယ့်အချိန် ဘေးနားမှာ အတူတူရှိနေပေးဖို့ကို ရွေးချယ်ခဲ့တာဖြစ်ပြီး မိသားစုက ပိုအရေးကြီးတယ်ဆိုတာကို မက်ဆီက ကောင်းကောင်းနားလည်ထားပါတယ်။

အင်တာမိုင်ယာမီကလည်း မက်ဆီကို အထူးခွင့်ပြုချက်ပေးထားပြီး အသင်းဆီ‌ ပြန်လာဖို့ အသင့်ဖြစ်မှသာ ပြန်လာနိုင်တယ်လို့ အကြောင်းကြားထားကြောင်း သိရပါတယ်။ ဒါကြောင့် မက်ဆီဟာ ရိုဆာရီယိုမှာ ဆက်လက်နေထိုင်နိုင်မှာဖြစ်ပြီး နာကျင်မှုတွေ ပြေလျော့မှပဲ အမေရိကန်ကို ပြန်သွားမှာ ဖြစ်ပါတယ်။

Ref: https://www.facebook.com/duwun.sports/posts/