“လေ့ကျင့်ခန်းဆင်းပြီးသွားရင်တော့ ဘာမှလုပ်စရာ မရှိတော့ပါဘူး” လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး ဗစ်တာ ယောကရက်ရှ်

“ကျွန်တော့်မှာ မိသားစုဆိုတာ မရှိပါဘူး။ ကျွန်တော့် ရည်းစားကလည်း ကျွန်တော်နဲ့ အတူမနေဘူး။ မိတ်ဆွေ သူငယ်ချင်းဆိုရင်လည်း ငါးယောက်လောက်ပဲ ရှိမယ်ထင်တယ်။ ကျွန်တော်ကတော့ တကယ့်ကို အသုံးမကျတဲ့လူပါပဲ” 💔

“ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ရဲ့ ဘဝက အနားယူအပန်းဖြေဖို့၊ ပျော်ရွှင်ဖို့အတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ လေ့ကျင့်ခန်းဆင်းပြီးသွားရင်တော့ ဘာမှလုပ်စရာ မရှိတော့ပါဘူး။” လို့ သူ့ရဲ့ လက်ရှိ ဘဝနေထိုင်မှုနဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်ဟာ လက်ရှိမှာ အာဆင်နယ်အသင်းရဲ့ တကယ့် တိုက်စစ်မှူးတစ်ယောက်စစ်စစ်ဖစ်ပြီး ကျွန်တော်ကစားပေးရတဲ့ အသင်းရဲ့ ပွဲစဉ်တွေမှာ ဂိုးသွင်းယူဖို့ကို စိတ်နှစ်ပြီး အမြဲကစားပါတယ်” လို့လည်း သူက အာဆင်နယ်အသင်းကို သူ့နှလုံးသားထဲမှာ အမြဲထားရှိပြီး ကစားခွင့်ရတဲ့ချိန်တိုင်း အကောင်းဆုံးကစားပေးခဲ့ပါတယ်ဆိုတာ ဝန်ခံပြောကြားခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ဗစ်တာ ယောကရက်ရှ်ဟာ ယခုရာသီမှာတော့ ကိုင် ဟာဗက်ဇ်ရဲ့ နောက် ဒုတိယဦးစားပေးအနေဖြင့်သာ အာဆင်နယ်အသင်းတိုက်စစ်မှာ ကစားခွင့်ရပြီး ပွဲအနည်းငယ်သာ ကစားခဲ့ရပြီး ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန်မှာ တစ်ပွဲမှ ပွဲထွက်ခွင့်မရခဲ့ပါဘူး။

ဒါပေမယ့်လည်း ဆွီဒင်တိုက်စစ်မှူး ယောကရက်ရှ်ဟာ ပြီးခဲ့တဲ့လက ဆွီဒင်အသင်းနဲ့ အတွက် ကစားပေးခဲ့တဲ့ ၄ ပွဲမှာ ပွဲတိုင်း ဂိုးသွင်းယူပေးနိုင်ခဲ့ပါသလို ဆွီဒင်လက်ရွေးစင်အသင်းနည်းပြ ဂရေဟမ် ပေါ်တာရဲ့ ချီးကျူးမှုကိုလည်း ရရှိထားခဲ့သူဖြစ်ပါတယ်။

တိုက်စစ်မှူး ဗစ်တာ ယောကရက်ရှ်ဟာ တိုက်စစ်မှူး ကောင်းတစ်ယောက်ပါ။ ဒါပေမယ့် လက်ရှိ အာဆင်နယ်အသင်းမှာ နည်းပြအာတီတာ သုံးစွဲနေတဲ့ ကစားကွက်မှာ သူ့အတွက် ကစားကွက် မတည်ဆောက်ပေးထားလို့ ခြေစွမ်းပျောက်နေသလို တကိုယ်ကောင်းဆန်တဲ့ ဘူကာယို ဆာကာလို အသင်းဖော်တွေကြောင့် ဂိုးတွေ မသွင်းနိုင်ဖြစ်နေရတာပါ။

အာဆင်နယ်နည်းပြ အာတီတာအနေဖြင့်လည်း ပြီးခဲ့တဲ့ ရာသီက ပရီးမီယားလိဂ် ချန်ပီယံဆုတိုက်ပွဲမှာ ပါဝင်ပေးဆပ်ခဲ့တဲ့ ယောကရက်ရှ်ကို ယခုရာသီမှာတော့ ပွဲထွက်ခွင့်နည်းပါးစွာသာ ပေးသလို တချို့ပွဲများမှာ လူစားတောင် ဝင်မကစားစေသည့်အတွက် ယခုလာမည့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆီဒင်အသင်းနဲ့ ဂိုးတွေ လှိုင်လှိုင်သွင်းနေတဲ့ အာဆင်နယ်တိုက်စစ်မှူး ယောကရက်ရှ်ကို ခေါ်ယူချင်သည့်အသင်းများထဲက တသင်းကို ပြောင်းရွှေ့သွားဖို့ များနေပြီလို့ သတင်းများအရ သိရှိရပါတယ်။

Ref: https://www.facebook.com/SportsAIIZ/posts/