ဒီနှစ်မှ ဘာစီလိုနာတို့ ဖလားအစုံမရရင် ဘယ်တော့မှ ရနိုင်တော့မယ်မထင်ပါဘူး ။ ဂါလာတာစာရေးလို အသင်းမျိုးကို အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင်ကစားခဲ့တာပါ ။ တပွဲကို ပျမ်းမျှ ၄.၃ ဂိုးသွင်းနိုင်တဲ့အထိ အရမ်းအရမ်းကို ကောင်းလွန်းနေတာပါပဲ ။ ဒီအနေအထားအတိုင်းဆိုရင် လာမယ့် El Clasico က ဂိုးပြတ်သွားနိုင်ပါတယ် ။ ရီးရဲကို အနိုင်ကစားပြီးသွားရင် လာလီဂါက စိတ်ပူစရာ မရှိတော့ပါဘူး ။ ၂၀၀၉ ၊ ၂၀၁၅ တုန်းကလို ဖလား ၃ လုံးအောင်မြင်မှုကို ဒီနှစ်ရယူသွားနိုင်မလားဆိုတာ တကယ်ကို စောင့်ကြည့်ချင်စရာကောင်းနေပါပြီ ။ ဟန်ဆီ ဖလစ်ဟာ တကယ်ကိုတော်တဲ့နည်းပြတယောက်ပါပဲ ။