ယူနိုက်တက်အတွက် ဒီရာသီအစဟာ နောက်ဆုံး ၄၀ နှစ်အတွင်း အဆိုးရွားဆုံး စတင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်
ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးချိန်မှာ အနိုင်ရတာက ၁ ပွဲပဲရှိပြီး ၃ ပွဲသရေ၊ ၂ ပွဲရှုံးနဲ့ ရမှတ် ၆ မှတ်သာ ရရှိထားပါတယ်
ဒါပေမယ့် ပိုပြီးစိတ်ပျက်စရာက ရလဒ်ထက် အသင်းက ဘယ်လိုကစားနေသလဲဆိုတဲ့အချက်ပါ
ကာရစ်လက်ထက်မှာ ယူနိုက်တက်ရဲ့ ကစားပုံက ကိုယ်ပိုင်လက္ခဏာတစ်ခု မပေါ်သေးဘဲ ပွဲအခြေအနေအလိုက် အဖြေရှာနေရတဲ့ပုံစံ ဖြစ်နေပါတယ်
အသင်းက အသာစီးရနေတဲ့အချိန်မှာ ဂိုးထပ်သွင်းပြီး ပွဲကိုထိန်းနိုင်ခြင်း မရှိသလို ပြိုင်ဘက်က ဖိအားပေးလာရင်လည်း ခံနိုင်ရည်နည်းလွန်းပါတယ်
ပွဲအတွင်း ပြဿနာတွေ ပေါ်လာတဲ့အခါ ကာရစ်ရဲ့ လူစားလဲမှုနဲ့ နည်းဗျူဟာပြောင်းလဲမှုတွေကလည်း အချိန်မီအဖြေမပေးနိုင်သေးပါဘူး
ယူနိုက်တက်လို အသင်းကြီးတစ်သင်းမှာ နည်းပြအသစ်ကို အချိန်ပေးရမယ်ဆိုတာ နားလည်နိုင်ပါတယ်
ဒါပေမယ့် အချိန်ပေးရကျိုးနပ်အောင် ကစားပုံတိုးတက်လာတာ၊ အသင်းစိတ်ဓာတ် ပြန်ကောင်းလာတာနဲ့ ရည်ရွယ်ချက်ရှိရှိ ကစားနေတဲ့ပုံစံကိုတော့ မြင်ရပါမယ်
လက်ရှိမှာ အဲဒီအရာတွေ မမြင်ရသေးတာကြောင့် ကာရစ်အပေါ် ယုံကြည်မှုက ပိုပြီးလျော့နည်းလာနေပါတယ်
အခုတော့ မေးခွန်းက ကာရစ်ကို ထုတ်ပယ်မလားဆိုတာထက် သူ့ကို ဆက်ပြီးယုံကြည်ဖို့ ဘာအကြောင်းပြချက်တွေ ကျန်ရှိနေသေးလဲဆိုတာ ဖြစ်လာပါပြီ