ပရီးမီးယားလိဂ်က မန်စီးတီးကို စံပြအနေနဲ့ အရေးယူဖို့ သေချာပေါက် ဆုံးဖြတ်ထားတယ်လို့ သတင်းထွက်နေ

​မန်စီးတီးရဲ့ အယူခံဝင်တာကို ဘယ်လိုမှ အနိုင်မရစေရဘူးလို့ ပရီးမီးယားလိဂ်ဘက်က ယုံကြည်ချက်အပြည့် ရှိနေပါတယ်။

​ဒါ့အပြင် ဒီကိစ္စမှာ နိုင်ငံရေးဘက်ကနေ ဝင်ပါလာတာမျိုး၊ စွက်ဖက်တာမျိုးတွေ မလုပ်နိုင်အောင်လည်း လမ်းကြောင်းတွေ အကုန်ပိတ်ထားပြီး ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းစနစ်အတိုင်းပဲ ရှင်းရမယ်လို့ တင်းတင်းမာမာ လုပ်ထားပါတယ်။

​ရည်ရွယ်ချက်က ဘာလဲဆိုတော့ စည်းကမ်းဖောက်ဖို့ စဉ်းစားနေတဲ့ ဘယ်ကလပ်အသင်းကိုမဆို မန်စီးတီးကို ကြည့်ပြီး သင်ခန်းစာယူသွားစေချင်လို့ပါပဲ။

​ဒီလိုသာ အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ၊ ဘယ်လောက်ပဲ နေရာကောင်းကောင်း ဘဏ္ဍာရေး စည်းမျဉ်းတွေကိုတော့ တကယ် လိုက်နာရမယ်ဆိုတဲ့ အချက်ကိုလူသိရှင်ကြား သင်ခန်းစာပေးလိုက်တာပါပဲ။

Ref: https://www.facebook.com/SportsAIIZ/posts/