ဒီပွဲအပြီးမှာတော့ ဒေါ့မွန်ဟာ ဘယ်လောက်ပဲကောင်းကောင်း ဖလားရနိုင်တဲ့အသင်း မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာခဲ့ပါတယ် ။ ပွဲပြီးဖို့ ၇ မိနစ်အလိုမှာ ၂-၀ နဲ့ ဦးဆောင်ထားရာကနေ အနိုင်မရခဲ့တာက ဒေါ့မွန်တို့ လိုအပ်ချက်တွေ ရှိနေတာကို ပြသလိုက်တာပါပဲ ။ ဝါဒါဘရီမင်အတွက်ကတော့ တကယ့်ကို ကောင်းမွန်တဲ့ comeback ပွဲစဉ်ဖြစ်လာခဲ့တာပါ ။ ဒေါ့မွန်တို့ ဘွန်ဒစ်လီဂါမှာ ရှုံးပွဲမရှိသေးပါဘူး ၊ ဒါပေမယ့် ဒီပွဲရလဒ်က သူတို့ကို ချန်ပီယံမဖြစ်နိုင်ဘူးလို့ ပြောလိုက်သလိုပါပဲ..