နီကိုပက်ဇ်ကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူခဲ့တဲ့ ကိုမိုအသင်း

ကိုမိုအသင်းဟာ သူတို့ဆီမှာ ၂ နှစ်အငှားလာကစားခဲ့ပြီး ပုံစံကောင်းပြသခဲ့တဲ့ နီကိုပက်ဇ်ကို ပြီးခဲ့တဲ့‌နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းဆီ ပြန်လည်စေလွှတ်ခဲ့ရပါတယ် ။ ဒါပေမယ့် အသင်းရဲ့ အကောင်းဆုံးကစားသမားတယောက်အတွက် ရဲရင့်တဲ့ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ပြီး ရီးရဲနဲ့ သဘောတူညီမှုထဲမှာပါတဲ့အတိုင်း ယူရို သန်း ၆၀ နဲ့ ချက်ချင်း ပြန်လည်ခေါ်ယူခဲ့ပါတယ်။

အခုချိန်မှာတော့ နီကိုပက်ဇ်ဟာ အာဂျင်တီးနားအသင်းမှာ လီယွန်နယ် မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံမယ့်ကစားသမားဖြစ်လာတော့မှာပါ ။ အဲဒီသတင်းနဲ့အတူ နီကိုပက်ဇ်ရဲ့ စျေးကွက်တန်ကြေးဟာလည်း ယူရို သန်း ၁၀၀ နီးပါးအထိ ရောက်ရှိနေပါပြီ ။ ရီးရဲမက်ဒရစ်အသင်းဘက်က ယူရို သန်း ၈၀ နဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့် ရှိနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ကိုမိုအသင်းရဲ့ ဆုံးဖြတ်ချက်က ဒီတကြိမ်မှာလည်း မှန်ကန်လို့ သွားခဲ့ပြန်ပါပြီ ။ ဖာဘရီဂတ်စ်လို နည်းပြကောင်း နဲ့ စီမံခန့်ခွဲမှုကောင်းတဲ့ အသင်းအကြီးအကဲတွေရဲ့ စွမ်းဆောင်မှုတွေကတော့ အားရကျေနပ်စရာကောင်းနေပါတယ်..

လက်စတာစီးတီးလိုဖြစ်မလား ၊ မန်စီးတီးလို ( အောင်မြင်မှုတွေကို နှစ်အများကြီးရယူနိုင်တဲ့ ) အသင်းမျိုး ဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေမှာ အမှန်ပါပဲ..

Ref: https://www.facebook.com/sportsdailymm/posts/