“ကျွန်တော်ကတော့ ယောဂရက်စ် ကို လုံးဝ သဘောမကျပါဘူး။ အာဆင်နယ် အနေနဲ့ ပြိုင်ဘက် ခံစစ်တန်းရဲ့ နောက်ကွယ်ဆီ ထိုးဖောက်ပြီး ကစားကွက် ဧရိယာ ဖန်တီးပေးနိုင်တဲ့ တိုက်စစ်မှူးမျိုးနဲ့မှ ပိုပြီး အဆင်ပြေမှာပါ။ ယောဂရက်စ် ဟာ ရေဘုံဘိုင် ပလပ်ခေါင်းလိုဖြစ်နေပြီး အသင်းကို ဘေးတောင်ပံတွေဆီကပဲ သွားခိုင်းအောင် ပိတ်ဆို့နေသလို ဖြစ်စေပါတယ်။ ဒါဟာ ပြိုင်ဘက်တွေအတွက် တားဆီးရတာ အလွန် လွယ်ကူပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ရာသီက အာဆင်နယ် ဟာ ပြစ်ဒဏ်ဘော ဖန်တီးမှုတွေကိုပဲ အလွန်အမင်း အားကိုးခဲ့ရတာပါ။ ကျွန်တော်ကတော့ အမြဲတမ်း လှုပ်ရှားမှု မြန်ဆန်တဲ့ တိုက်စစ်မှူးတွေကိုပဲ သဘောကျပါတယ်။
ကျွန်တော့် ဘောလုံးသမားဘဝ အတွေ့အကြုံအရ အောင်မြင်တဲ့ အသင်းတိုင်းမှာ ဟယ်ရီ ကိန်း၊ ဒရော့ဂ်ဘာ၊ ကန်တိုနာ တို့လို နာမည်ကျော် တိုက်စစ်မှူးတွေ ရှိကြပါတယ်။ ဂျာမိန်း ဒီးဖိုး ဆိုရင်လည်း အချိန်တစ်ခုအထိ အလွန် ကောင်းမွန်ခဲ့တာပါ။ ယောဂရက်စ် ဆီမှာတော့ အဲဒီ ကစားသမားတွေဆီက ရခဲ့တဲ့ ပွဲဖြတ်နိုင်တဲ့ အတ္တမျိုး ကျွန်တော် မမြင်ရပါဘူး။ ကျွန်တော် ဒရော့ဂ်ဘာ နဲ့ ပွဲများစွာ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဘုရားသခင်ပဲ သိပါလိမ့်မယ်၊ သူ့ဆီမှာ ခေါင်းဆောင်တစ်ယောက်ရဲ့ သြဇာအရှိန်အဝါ အပြည့်ရှိပါတယ်။ ယောဂရက်စ် ဒါမှမဟုတ် ကိုင် ဟာဗက်ဇ် တို့ဆီမှာတော့ ဒါမျိုး မတွေ့ရပါဘူး။ ကျွန်တော်သာ ယောဂရက်စ် နဲ့ ရင်ဆိုင်ရမယ်ဆိုရင် လုံးဝ စိုးရိမ်မှာ မဟုတ်ပါဘူး။ ကျွန်တော်က အလွန် မြန်တဲ့ ကစားသမားပါ။ သူ ဘောလုံးပုတ်ထွက်သွားရင်တောင် ကျွန်တော့်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ သီယာရီ အွန်နရီ နဲ့ ယောဂရက်စ် ကို နှိုင်းယှဉ်ကြည့်ရင် ညနဲ့ နေ့လို ကွာခြားပါတယ်။ အွန်နရီ ကို ရင်ဆိုင်ရရင် ဘယ်ဘက်သွားသွား ပြဿနာပါပဲ။ အဲဒီလို ကစားသမားမျိုးတွေကမှ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တာပါ။ အရှိန်နှုန်းက ပြိုင်ဘက်ကို သတ်နိုင်ပေမဲ့ ယောဂရက်စ် မှာတော့ အဲဒီလို အရှိန်အဟုန်မျိုး မြန်ဆန်တာ မတွေ့ရပါဘူး”
အာဆင်နယ် နောက်ခံလူဟောင်း အာမန်း ထရာအိုရေး