စီးရီးအေပွဲစဉ်တွေက ပွဲထွက်ကစားသမား ၂၂ ယောက်ထဲမှာ အီတလီကစားသမား ၁ ယောက်တည်းသာ ပါဝင်ခဲ့

ကိုမိုအသင်းရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် ၊ ဒီတပတ်ကစားခဲ့တဲ့ ယူဗင်တပ်အသင်းရဲ့ စီးရီးအေပွဲစဉ်တွေက ပွဲထွက်ကစားသမား ၂၂ ယောက်ထဲမှာ အီတလီကစားသမား ၁ ယောက်တည်းသာ ပါဝင်ခဲ့ပါတယ် ( ယူဗင်တပ်ဂိုးသမား ဗစ်ကာရီယို ) ။ ဒါဟာ အီတလီ ဘောလုံးလောကအတွက် အလွန်ဆိုးရွားတဲ့ အနေအထားဖြစ်နေပြီဆိုတာကို ပြသလိုက်တာပါပဲ ။ ဒီတပတ်ထဲမှာ အီတလီသတင်းဌာနတွေက အီတလီမှာ လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပေးမှု ၊ နေရာပေးမှုတွေ အလွန်နည်းပါးနေပြီလို့ ထောက်ပြပြောဆိုလာခဲ့ပါတယ် ။ ဘာစီလိုနာစတား လာမိန်းယာမဲလ်သာ အီတလီမှာ ကစားနေတာဆိုရင် အခုချိန် စီးရီးစီ ( တတိယတန်း ) လောက်မှာသာ ရှိနေဦးမယ်လို့ ပြောဆိုလာတဲ့အထိ သတိပေးမှုတွေ ကြီးမားလာခဲ့တာပါ ။ အီတလီလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့ ၃ ကြိမ်ဆက် လွဲချော်ခဲ့ရသလို အသင်းအတွင်းမှာလည်း ပြောင်းလဲမှုတွေများစွာနဲ့ မတည်မငြိမ်ဖြစ်နေခဲ့ရပါတယ် ။ အီတလီဖန်တွေဟာ လက်ရှိနည်းပြ ရော်ဘတ်တို မန်စီနီ အပေါ်မှာလည်း ယုံကြည်မှု အားနည်းနေကြပြီး ၂၀၃၀ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ ထပ်မံလွဲချော်မှာကို အလွန်စိတ်ပူနေကြတယ်လို့ သိရပါတယ်

Ref: https://www.facebook.com/sportsdailymm/posts/