ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ ကိုင်တွယ်ခွင့်မရှိတဲ့ အသင်း ၂ သင်း

မိုက်ကယ်အိုလီဗာဟာ ပရီးမီးယားလိဂ်ဝါရင့် ဒိုင်လူကြီးတဦးဖြစ်သလို ကမ္ဘာ့ဖလား ၊ ယူရို နဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးတွေကို ကိုင်တွယ်ခွင့်ရရှိထားသူ တယောက်လည်းဖြစ်ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေကလည်း သူ့ရဲ့ ဒိုင်လူကြီးမှတ်တမ်းတွေနဲ့အတူ ပါရှိနေခဲ့တာပါ ။

မိုက်ကယ်အိုလီဗာကို မန်ယူဖန် ၊ အာဆင်နယ်ဖန် ၊ လီဗာပူးဖန်ဆိုပြီး အမျိုးမျိုးပြောဆိုနေကြပေမယ့် တကယ်တမ်းမှာတော့ သူက နယူးကာဆယ်အသင်းကို အားပေးတဲ့သူပါ ။ ဒါကြောင့် နယူးကာဆယ်ရဲ့ ပွဲစဉ်တွေကို မိုက်ကယ် အိုလီဗာ ကိုင်တွယ်ခွင့် မရရှိခဲ့ပါဘူး ။ ထို့အတူ နယူးကာဆယ်ရဲ့ ခါးသီးတဲ့ ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ ဆန်းဒါးလန်းအသင်းရဲ့ ပွဲတွေကိုလည်း ကိုင်တွယ်ဖို့ ခွင့်မပြုခဲ့ပါဘူး ။

မန်ချက်စတာဒိုင်လူကြီးလို့ နာမည်ကျော်တဲ့ အန်တိုနီ တိုင်လာဟာ မန်ချက်စတာမြို့သားဖြစ်ပေမယ့် မန်ယူရော မန်စီးတီးကိုပါ အားပေးသူမဟုတ်တာကြောင့် ( မန်ချက်စတာက ဘောလုံးကလပ်အသင်းလေးတခုကို အားပေးသူဖြစ်ပါတယ် ) မန်ယူ နဲ့ မန်စီးတီးပွဲစဉ်တွေကို ကိုင်တွယ်ခွင့် ရရှိခဲ့ပါတယ် ။

Ref: https://www.facebook.com/sportsdailymm/posts/