ပုံစံအသစ်နဲ့ကျင်းပတဲ့ ချန်ပီယံလိဂ်

ပုံစံအသစ်နဲ့ကျင်းပတဲ့ ချန်ပီယံလိဂ်မှာ အသင်း ၃၆ သင်းစလုံးက အမှတ်ပေးဇယားကြီးတခုတည်းမှာ ယှဉ်ပြိုင်ကြမှာဖြစ်တာကြောင့် သွင်းဂိုး ၊ ပေးဂိုး ၊ ရမှတ်တိုင်းဟာ အလွန်အရေးပါလာပါပြီ ။ အသင်း ၂ သင်းဟာ ရမှတ်တူညီနေမယ်ဆိုရင် အောက်ဖော်ပြပါ အချက် ၁၀ ချက်ကို အစဉ်လိုက်ကြည့်ပြီး ရွေးချယ်သွားကြမှာပါ ။

1. ဂိုးကွာခြားချက်
2. သွင်းဂိုး
3. အဝေးဂိုး
4. နိုင်ပွဲအရေအတွက်
5. အဝေးကွင်းနိုင်ပွဲအရေအတွက် စတဲ့အဓိကအချက် ၅ ချက်ကို အရင်ကြည့်သွားမှာပဲ ဖြစ်ပါတယ် ။

ဒီအထိ တူညီနေဦးမယ်ဆိုရင်တော့ နံပါတ် ၆ အနေနဲ့ League Phase မှာ ဆုံတွေ့တဲ့ ပြိုင်ဘက်အသင်းတွေရဲ့ ရမှတ်တွေကို နှိုင်းယှဉ်သွားမှာပဲဖြစ်ပါတယ် ။ အကယ်၍ မန်ယူ နဲ့ ဒေါ့မွန်တို့ ရမှတ်တူညီနေပါက သူတို့ ၂ သင်းဆုံတွေ့ခဲ့တဲ့ ပြိုင်ဘက် ၈ သင်းရဲ့ ရမှတ်စုစုပေါင်းတွေကို နှိုင်းယှဉ်သွားမှာပါ ။ ရမှတ်ပိုများတဲ့အသင်းက အဆင့်ပိုမြင့်မှာပဲ ဖြစ်ပါတယ် ။

ဒီအဆင့်အထိ ထူးခြားစွာတူညီနေမယ်ဆိုရင်တော့ ပြိုင်ဘက်အသင်း ၈ သင်းရဲ့ ဂိုးကွာခြားချက်ပေါင်း ၊ ပြိုင်ဘက်အသင်းတွေရဲ့ သွင်းဂိုးစုစုပေါင်း စတာတွေနဲ့ ဆက်လက်နှိုင်းယှဉ်သွားမှာပါ ။ အဲဒါအထိ အဖြေမထွက်သေးရင်တော့ အဝါကတ် အနီကတ်စည်းမျဉ်းတွေကို အသုံးပြုမှာဖြစ်ပြီး နောက်ဆုံးအဆင့်ကတော့ UEFA အဆင့်ရပ်တည်မှုနဲ့ နှိုင်းယှဉ်သွားတော့မှာပဲ ဖြစ်ပါတယ်

Ref: https://www.facebook.com/sportsdailymm/posts/