ဂါဘရီရယ် အနီကတ်မထိခဲ့တာ ကံကောင်း

ချဲလ်ဆီးအသင်းက ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ အာဆင်နယ်တို့ ချေပဂိုးရအောင် အတင်းဖိကစားခဲ့ပါတယ် ။ ချဲလ်ဆီးဂိုးဧရိယာထဲ လုံးထွေးနေကြချိန်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က ချဲလ်ဆီးဂိုးသမား မာတီနက်ဇ်ကို ကန်မိခဲ့တာကြောင့် မာတီနက်ဇ် ဆေးကုသမှုခံယူခဲ့ရပါတယ် ။ အဆိုပါပွဲကို တင်ဆက်ခဲ့တဲ့ ဝိန်းရွန်းနီကတော့ ဂါဘရီရယ် အနီကတ်မထိခဲ့တာ ကံကောင်းတယ်လို့ဆိုခဲ့ပြီး ၁-၀ နဲ့ ရှုံးနေချိန်မှာ တယောက်လျော့သွားမယ်ဆိုရင် အာဆင်နယ်အသင်း ရှုံးနိမ့်သွားနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ် ။

“ဒီဖြစ်ရပ်ကို မြင်မြင်ချင်း သတိထားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အနှေးပြကွက်တွေနဲ့ ပြန်ကြည့်ရင်တော့ မာတီနက်ဇ်က အရင် ဘောလုံးရယူထားပြီးပါပြီ ၊ ဂါဘရီရယ်က မာတီနက်ဇ်ရဲ့ ခေါင်းကို ခြေထောက်နဲ့ ကန်ခဲ့တာပါ။ ဂါဘရီရယ်ရဲ့ ခြေထောက်က လိုအပ်တာထက် အပေါ်ကို ရောက်လွန်းနေခဲ့ပါတယ်။ သူ ကွင်းထဲမှာ ဆက်ရှိခွင့် ရခဲ့တာက အရမ်းကံကောင်းခဲ့တာပါ” လို့ ရွန်းနီက ပြောဆိုခဲ့ပါတယ်

Ref: https://www.facebook.com/sportsdailymm/posts/