
ရီးရဲလ်မက်ဒရစ်နဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ဗင်နီရှပ်စ်ဟာ အသင်းနဲ့ စာချုပ်သစ်အတွက် အချက် ၃ ချက်ကို တောင်းဆိုထားတယ်လို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။
– တရာသီကို အသားတင် ယူရိုသန်း ၂၀ (စုစုပေါင်း ယူရိုသန်း ၄၀)
– အမ်ဘာပေရရှိနေသလိုမျိုး ပုံရိပ်အသုံးပြုခွင့် ၁၀၀% ပိုင်ဆိုင်ခွင့်
– စာချုပ်သက်တမ်းတိုးပါက အပိုဆုကြေး
လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်က ဗင်နီရှပ်စ်ကို စာချုပ်သစ်အတွက် လုံး၀စတင်ခြင်း မရှိသေးပါဘူး။ ကစားသမားရဲ့ အေးဂျင့်ကလည်း အသင်းဘက်က စတင်ပြီး ပြောဆိုမယ့်အချိန်ကို စောင့်ဆိုင်းနေပြီး နှစ်ဦးနှစ်ဖက်ကြားမှာ တင်းမာမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။