Copa Argentina ပွဲမှာ မက်ဆီအတွက် ၁၀မိနစ်မှာ လက်ခုပ်တီးပေးခဲ့ကြတဲ့ အာဂျင်တီးနားဖန်များ

ယနေ့မနက်က ကစားသွားတဲ့ ဆားစ်ဖီးလ် – ဘိုကာဂျူနီယာ Copa Argentina ပွဲအတွင်းမှာ ကွင်းအတွင်းက အာဂျင်တီးနားဖန်တွေဟာ မကြာသေးခင်ကမှ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် ဂန္တဝင် လီယွန်နယ် မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ်ဩဘာတွေ တစ်ပြိုင်နက်တည်း တီးခဲ့ကြပါတယ်။

ဒီလို ဂုဏ်ပြု လက်ခုပ်သံတွေ ထွက်ပေါ်လာချိန်မှာတော့ ဒိုင်လူကြီးကိုယ်တိုင် ပွဲစဉ်ရဲ့ ၁၀ မိနစ်မြောက်မှာ ပွဲကို ခေတ္တရပ်ပေးခဲ့ပြီး မက်ဆီအတွက် ဂုဏ်ပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အာဂျင်တီးနား ဘောလုံးလောကရဲ့ ဂန္ထဝင်မြောက် ကျောနံပါတ် ၁၀ ပိုင်ရှင် မက်ဆီအတွက် ဖန်တွေရဲ့ လေးစားချစ်ခင်မှုကို ဖော်ကျူးတဲ့အနေနဲ့ တစ်ကွင်းလုံး လက်ခုပ်သံတွေ ညံစီသွားခဲ့တာဖြစ်ပြီး၊ အာဂျင်တီးနား မြေပေါ်မှာ မက်ဆီရဲ့ ဩဇာကြီးမားပုံကို ထပ်မံ ပြသလိုက်တာလည်း ဖြစ်ပါတယ်။

Ref: https://www.facebook.com/sportsmyanmarr/posts/copa-argentina