ဒီနေ့မနက်ပိုင်းမှာ ကစားသွားခဲ့တဲ့ မိုင်ယာမီရဲ့ မေဂျာလိဂ် ပွဲစဉ်မှာတော့ မိုင်ယာမီဘက်က ၇-၁ ဆိုတဲ့ ကြောက်မက်ဖွယ် ပြတ်သားလွန်းတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့တဲ့ ရလဒ်ဆိုးကြီးကို အလှပဆုံး အပြီးသတ် ရပ်တန့်ပစ်လိုက်ပါပြီ
ဒီပွဲစဉ်မှာ မက်ဆီ တစ်ယောက် ဘာစီလိုနာ ခေတ်ကလို ပြိုင်ဘက် ခံစစ်မှူးတွေကို အစွမ်းကုန် လိမ်ခေါက် လှည့်ပတ် ကစားသွားခဲ့ပြီး အသက်တွေ ပြန်ငယ်သွားသလား ထင်မှတ်ရလောက်အောင်ကို ကွင်းအတွင်း စိတ်ကြိုက် မင်းမူသွားခဲ့တာပါ
မက်ဆီ ကတော့ လှပလွန်းတဲ့ တစ်ကိုယ်တော် ဆွဲဝင် သွင်းဂိုး ကျောက်ရုပ်ဖြစ်သွားစေမယ့် အကွက်ဆန်း ဖရီးကစ် ဧရိယာပြင်ပ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးသမားကို သာသာယာယာ မ တင်ကျော် ထည့်သွင်းလိုက်တဲ့ ဂိုးတွေနဲ့အတူ မယုံနိုင်စရာ ပြီးပြည့်စုံတဲ့ စူပါဟက်ထရစ်ကို အမိအရ ရယူသွားခဲ့ပါတယ်
မက်ဆီကို အပြစ်တင် ဝေဖန်နေကြတဲ့ ပါးစပ်တွေကို ပြီးပြည့်စုံတဲ့ ဂိုးသွင်းစွမ်းရည်တွေ အကွက်ဆန်း ဖန်တီးမှုတွေနဲ့ အပြတ်အသတ် သက်သေပြ ပိတ်ပစ်လိုက်တာဖြစ်ပြီး မက်ဆီ ဆိုတာ ဘာလဲဆိုတာကို ကမ္ဘာ့ဘောလုံးလောကဆီ ထပ်မံ အသိပေးလိုက်တာပဲ ဖြစ်ပါတယ်