လွန်ခဲ့တဲ့ ၂ ရာသီကစတင်ပြီး ပုံစံအသစ်နဲ့ပြောင်းလဲကျင်းပနေတာဖြစ်ပါတယ် ။
League Phase မှာအသင်းပေါင်း ၃၈ သင်းဟာ အမှတ်ပေးဇယားကြီးတခုအတွင်းမှာ ရှိနေကြမှာပါ ။
တသင်းကို အိမ်ကွင်း ၄ ပွဲ ၊ အဝေးကွင်း ၄ ပွဲ ၊ စုစုပေါင်း ၈ ပွဲစီ ကစားကြရမှာဖြစ်ပါတယ် ။
အသင်းတွေကို Port 1, 2, 3, 4 ဆိုပြီး ၄ ခုခွဲထားမှာဖြစ်ပြီး အသင်းတသင်းဟာ Port တခုစီကအသင်း ၂ သင်းနဲ့ ကစားရမှာဖြစ်ပါတယ် ။ ဒါပေမယ့် လိဂ်တခု ( နိုင်ငံတခု ) ကနေ အသင်း ၂ သင်းထက် ပိုပြီး ဆုံတွေ့ခွင့်ရှိမှာတော့မဟုတ်ပါဘူး ။
အမှတ်အများဆုံး ၈ သင်းဟာ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေကို တက်လှမ်းသွားမှာဖြစ်ပြီး
အဆင့် ၉ ကနေ ၂၄ အထိအသင်းတွေကတော့ Playoff ရှုံးထွက်အဆင့်ဆိုတဲ့ တဆင့်ကို ထပ်မံကစားရဦးမှာပါ ။
အဆင့် ၂၄ အောက်က အသင်းတွေကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပဲဖြစ်ပါတယ် ။
ချန်ပီယံလိဂ်ပုံစံအသစ်မှာ ယခင်တုန်းကလို ယူရိုပါလိဂ်ကို ဆင်းကစားရတာမျိုး မရှိတော့ပါဘူး