ခါရာဘောင်ဖလားတတိယအဆင့်ဆိုတာ အသင်းကြီးတွေ အိမ်ပြန်စောရတတ်တဲ့အဆင့်ဆိုပြီး အစဉ်အလာကြီးမားပါတယ် ။ ဒီနှစ်မှာလည်း အနည်းဆုံးအသင်းကြီးတသင်းကတော့ ပြိုင်ပွဲကနေ အစောကြီးထွက်ခွာရတော့မှာပါ ။ ဘာကြောင့်လဲဆိုတော့ လီဗာပူးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ တတိယအဆင့်မှာတင် ဆုံတွေ့ခဲ့ကြပြီဖြစ်တာကြောင့်ပါပဲ ။
မနေ့ညကပြုလုပ်ခဲ့တဲ့ ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်ရွေးချယ်မှုမှာ လီဗာပူးက စပါးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး မန်ယူအသင်းက ဘရိုက်တန် ၊ မန်စီးတီးက နော်ဝှစ်ချ်စီးတီးအသင်းတွေကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ် ။ အာဆင်နယ်ကတော့ အစ်ပ်ဆွစ်ချ်တောင်းနဲ့ အဝေးကွင်းပွဲကို ကစားရမှာပါ ။ အခုညကစားမယ့် ချဲလ်ဆီးနဲ့ လူတန်တောင်းပွဲစဉ်က အနိုင်ရလာမယ့်အသင်းကတော့ လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားရမှာပဲဖြစ်ပါတယ် ။
ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်တွေထဲက ပရီးမီးယားလိဂ်အသင်းအချို့ရဲ့ပွဲစဉ်များ
မန်ချက်စတာ ယူနိုက်တက် – ဘရိုက်တန်
မန်စီးတီး – နော်ဝှစ်ချစ်စီးတီး
လီဗာပူး – တော့တင်ဟမ်ဟော့စပါး
ခရစ္စတယ်ပဲလေ့စ် – မစ်ဒယ်ဘရော့
အစ်ပ်ဆွစ်ချ်တောင်း – အာဆင်နယ်
ချဲလ်ဆီး ( သို့ ) လူတန်တောင်း – လိဒ်ယူနိုက်တက်
ကိုဗင်ထရီ – အက်စတွန်ဗီလာ
အဆိုပါပွဲစဉ်တွေကို စက်တင်ဘာ ၇ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားသွားကြမှာပဲ ဖြစ်ပါတယ်..