ဆီမွန်နီတို့ သားအဖကတော့ ဘောလုံးလောကရဲ့ အားကျစရာ ဖြစ်လာခဲ့ရပါပြီ

အဖေဖြစ်သူက အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဦးဆောင်နေတယ် သားဖြစ်သူကလည်း အဖေ့ရဲ့ အသင်းဖြစ်တဲ့ အေတီကိုမှာ ကစားသမားအဖြစ် အားဖြည့် ကစားနေတယ်

မနေ့ညက အသင်းက ရှုံးနိမ့်နေတဲ့ အချိန်မှာ သားဖြစ်သူက အစွမ်းကုန် ကြိုးစားပြီး အဖေ့အတွက် အရေးပါလှတဲ့ ချေပဂိုးကို အပိုင် သွင်းယူပေးခဲ့ပါတယ် ဂိုးဝင်သွားတဲ့ ခဏမှာ အဖေကလည်း အားပါးတရ ပတ်ပြေးပြီး ဝမ်းသာအားရ အောင်ပွဲခံလိုက်ပါတော့တယ်

အဖေ နည်းပြလုပ်နေတဲ့ အသင်းအတွက် သားဖြစ်သူက ကွင်းအတွင်း ဝင်ရောက် ကစားပေးရုံတင်မကဘဲ အရေးကြီး ဂိုးပါ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်

ဒီလိုမျိုး ကြုံတောင့်ကြုံခဲ အခွင့်အရေးနဲ့ ရလဒ်မျိုးကတော့ တော်ရုံ တိုက်ဆိုင်မှုနဲ့ ရရှိနိုင်မယ့် အခြေအနေမျိုး လုံးဝ မဟုတ်ပါဘူး

Ref: https://www.facebook.com/tkt345/posts/