ဘရန့်ဖိုဒ့် နဲ့ နည်းပြ ကိတ်အန်ဒရူး

နည်းပြ ကိတ်အန်ဒရူးလက်အောက်မှာ ဘရန့်ဖိုဒ့်အသင်း ပုံစံကောင်းတွေ ရရှိနေပါတယ် ။ ဘရန့်ဖိုဒ့်အသင်းကို ကိုင်တွယ်တဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာတင် ၄၇ ပွဲကစားရာမှာ ပွဲ ၂၀ နိုင်ပြီး ၁၄ ပွဲသာရှုံးနိမ့်ထားခဲ့တာပါ ။ အခုရာသီအဖွင့်မှာလည်း စပါးအသင်းကို ၃-၀ ၊ ဘာမင်ဂမ်အသင်းကို ၆-၁ ရလဒ်တွေနဲ့ ဂိုးပြတ်အနိုင်ကစားထားပါတယ် ။ လာမယ့်ပွဲစဉ်မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို တပတ်အတွင်း ၂ ကြိမ်အနိုင်ကစားထားတဲ့ လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ ။ ဒီရာသီမှာ ယူရိုပါလိဂ်ကစားဖို့လည်းရှိနေတဲ့ ဘရန့်ဖိုဒ့်အသင်းကတော့ စောင့်ကြည့်ချင်စရာပါပဲ

Ref: https://www.facebook.com/sportsdailymm/posts/