အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်းရဲ့ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ အယ်လ်ဗာရက်ဇ်အတွက် ပေါင်သန်း (၁၂၀) ဝန်းကျင်အသုံးပြုရဖွယ်ရှိပြီး မကြာခင်အပြောင်းအရွှေ့အပြီးသတ်နိုင်တော့မှာပါ။
အယ်လ်ဗာရက်ဇ်ကို စပိန်ထိပ်သီး ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကိုယ်တိုင် အယ်လ်ဗာရက်ဇ်ကို ဖုန်းခေါ်ဆိုခဲ့ပြီးနောက် အပြောင်းအရွှေ့အတွက် အလားအလာကောင်းများရှိခဲ့ကြောင်းကိုလည်း The Evening Standard က ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အယ်လ်ဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် ယိုကယ်ရက်စ်ကို အလိုက်ပေးရဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။