ဘရူနိုကတော့ ယူနိုက်တက်ရဲ့ သက်တမ်းတိုး စာချုပ်သစ် ကမ်းလှမ်းမှုကို မဆိုင်းမတွဘဲ ငြင်းပယ်လိုက်ပြီ ဖြစ်ပါတယ်
ဒီကမ်းလှမ်းချက်ထဲမှာ တစ်ပတ် လုပ်ခလစာ ပေါင် သုံးသိန်းအပြင် နှစ်စဉ် ဆုကြေး ဘောနပ်စ် အဖြစ် ပေါင် လေးသိန်းခွဲအထိ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်
ဒါပေမဲ့ ဒီပမာဏဟာ အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ လုံလောက်မှု မရှိခဲ့ဘဲ ယူနိုက်တက်ကို အကြပ်ရိုက်သွားစေခဲ့တာပါ
ကမ်းလှမ်းမှုကို ပယ်ချလိုက်မှုနဲ့အတူ ယူနိုက်တက် တာဝန်ရှိသူတွေအနေနဲ့ ရှေ့ဆက်ရမယ့် အခင်းအကျင်းအတွက် အတော်လေး တိုင်ပတ်သွားမယ့် အနေအထား ဖြစ်လာခဲ့ပါတယ်
အရင်က လစာ ကိစ္စတွေမှာ လျှော့ပေါ့ စဉ်းစားပေးလေ့ရှိတဲ့ ဘရူနိုတစ်ယောက် အခုလို တင်းမာတဲ့ သဘောထား ပြသလာတာဟာ စိတ်ဝင်စားစရာပါပဲ
ယူနိုက်တက်ဘက်ကတော့ ဘရူနိုဟာ ရောင်းရန်မဟုတ်ဆိုပြီး ကြွေးကြော်ထားတာမျိုးတွေ ရှိခဲ့ပေမယ့် ဘရူနို ကိုယ်တိုင်ရဲ့ လက်ရှိ သဘောထားအရတော့ အသင်းမှာ ဆက်ထိန်းထားဖို့ဆိုတာ သိပ်မလွယ်ကူတော့ပါဘူး