အရင်တုန်းက ချဲလ်ဆီးရဲ့ရပ်တည်ချက်က ပေါင် သန်း ၁၂၀ ပေးရင် ကြိုက်တဲ့အသင်းကခေါ် ရောင်းပေးမယ်။
ပြီးခဲ့တဲ့သောကြာနေ့ ၅ နာရီမတိုင်ခင် သန်း ၁၂၀ နဲ့ တရားဝင်စာနဲ့ ကမ်းလှမ်းဖို့ အချိန်သတ်မှတ်ခဲ့တယ်။ ၅ နာရီကျော်ရင် မရောင်းတော့ဘူးလို့ ဆိုခဲ့ပါတယ်။
ခုလေသံ တစ်မျိုးထပ်ပြောင်းလာပါတယ်။ ခုချိန်ကနေ အပြောင်းအရွှေ့မပိတ်ခင်အချိန်အထိ ခေါ်မယ်ဆိုရင် ပေါင် သန်း ၁၂၀ နဲ့ မရတော့ဘူး။ သန်း ၁၂၀ ကျော်ပေးရတော့မယ်လို့ ချဲလ်ဆီးသတင်းတွေခိုင်မာတဲ့ Matt Law က ဖော်ပြလာပါ…
မန်စီးတီးဘက်ကတော့ ပေါင် သန်း ၁၂၀ ရဲ့ အောက်လျော့နည်းတဲ့ ပမာဏနဲ့သာ ရနိုင်လိမ့်မယ်လို့ ခံယူထားကြောင်း တွေ့နေရပါတယ်။