အာတီတာ နဲ့ ပတ်သက်ပြီး မှန်ကန်ခဲ့တဲ့ မော်ရင်ဟိုရဲ့ ခန့်မှန်းချက်များ

“မီကေး ( အာတီတာ ) ကို ကွန်ဂရက်ကျူလေးရှင်းစ်လို့ ပြောချင်ပါတယ် ။ အာဆင်နယ်က နည်းစနစ်ပိုင်းမှာ တကယ့်တကယ်ကို ကောင်းမွန်လာတာပါ ။ ဘောလုံးလောကထဲမှာ ကျွန်တော် နေထိုင်ဖြတ်သန်းလာတာ နှစ်တွေအများကြီး ကြာခဲ့ပါပြီ ။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် ကြိုပြောနိုင်ပါတယ် ။ အာတီတာက အာဆင်နယ်မှာ တကယ်ကောင်းမွန်တာတွေကို လုပ်ဆောင်နေတာပါ ။ လူငယ်ကစားသမားတွေကို ယုံကြည်မှုအပြည့်ရှိတယ် ၊ စီမံခန့်ခွဲမှုတွေကောင်းတယ် ၊ အချိန်နဲ့အမျှတိုးတက်နေပါတယ် ။ သူ့ကို ကောင်းကောင်းအချိန်ပေးမယ်ဆိုရင် အာဆင်နယ်ဟာ အာဆင်နယ်ပြန်ဖြစ်လာမယ်လို့ သူတို့ဖန်တွေကို ကျွန်တော်ပြောပြချင်ပါတယ်” (Jose Mourinho)

ဒီစကားတွေကို ၂၀၂၀ ခုနှစ်တုန်းက စပါးအသင်းနည်းပြဖြစ်နေစဉ်အတွင်း မော်ရင်ညိုပြောဆိုခဲ့တာာပါ ။ နောက်ထပ် ၅ နှစ်အကြာမှာတော့ အာတီတာရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာခဲ့ပါတော့တယ် ။ မနေ့ညကပွဲမှာလည်း မန်စီးတီးကို အသာစီးနဲ့ကစားပြီး ထိုက်တန်စွာအနိုင်ရခဲ့တာပါ ။ မော်ရင်ညိုရဲ့ ခန့်မှန်းမှုတွေက တကယ်ဖြစ်လာခဲ့ပါပြီ ။

Ref: https://www.facebook.com/goddeybethlehem/posts/